ညှို့မဲ့ ညှို့တော့လဲ
ကိုယ်ဟာ ကိုယ်မဟုတ်တော့တဲ့ အထိ
ကိုယ်ကလွဲရင် ကိုယ်ပဲထင်ပြီး ကိုယ့်အရေခွံ ကိုယ်ဆွဲပြမိတယ်
တစ်ယောက်အခွေဟာ
တစ်ယောက်ကို ထုံးမဲ့ကြိုးလို
လှုပ်လေ . . . တင်းလေ
တစ်ယောက်အမြီးကို တစ်ယောက်ကမြင်ပြီး
ကိုယ့်ကိုကိုယ်တွေ့တယ်
ဖြေဆေးအတွက် အဆိပ်ကို အန်ချတော့
လျှာနှစ်ခွ နဲ့ လျက်လို့
အချိန်မရှိတော့ဘူး
နေရာမရှိတော့ဘူး
ဒီနေရာမှာတင် ကိုယ့်အသက်ကို ပုံခဲ့မယ်
ငါ့ရဲ့တွန်သံကြားလဲ လှည့်မကြည့်နဲ့တော့ ။ ။
- မင်းထင်ကိုကိုကြီး -
ကိုယ်ဟာ ကိုယ်မဟုတ်တော့တဲ့ အထိ
ကိုယ်ကလွဲရင် ကိုယ်ပဲထင်ပြီး ကိုယ့်အရေခွံ ကိုယ်ဆွဲပြမိတယ်
တစ်ယောက်အခွေဟာ
တစ်ယောက်ကို ထုံးမဲ့ကြိုးလို
လှုပ်လေ . . . တင်းလေ
တစ်ယောက်အမြီးကို တစ်ယောက်ကမြင်ပြီး
ကိုယ့်ကိုကိုယ်တွေ့တယ်
ဖြေဆေးအတွက် အဆိပ်ကို အန်ချတော့
လျှာနှစ်ခွ နဲ့ လျက်လို့
အချိန်မရှိတော့ဘူး
နေရာမရှိတော့ဘူး
ဒီနေရာမှာတင် ကိုယ့်အသက်ကို ပုံခဲ့မယ်
ငါ့ရဲ့တွန်သံကြားလဲ လှည့်မကြည့်နဲ့တော့ ။ ။
- မင်းထင်ကိုကိုကြီး -
No comments:
Post a Comment