Monday, November 25, 2013

ခေတ်သူတောင်းစား

သူတောင်းစားဟာ သူ့သူတောင်းစားမိသားစု
အိမ်ပြန်အလာကို စောင့်နေတယ်။
စောင့်နေရင်း သူတောင်းစားဟာ ခါးကြားထဲက
ဂျာနယ်ကိုထုတ်ပြီး ဟိုဟိုဒီဒီဖတ်ကြည့်တယ်။
သူတောင်းစားဖတ်တဲ့ ဂျာနယ်ဟာ
စာရွက်နှစ်ရွက်သာ ပါတယ်။
တစ်ရွက်မှာ ငွေငါးထောင်တန်စင်မ်ကဒ်အတွက်
ပြည်သူတွေတောင်းဆိုကြတာကို ဖတ်မိတယ်။
တစ်ရွက်မှာ ဖုန်းတစ်လုံးကို
ခြောက်ဆယ့်နှစ်သိန်းနဲ့ ဝယ်သွားတာကိုဖတ်မိတယ်။
သူတောင်းစားဟာ နှစ်ခုလုံးဖတ်အပြီးမှာ
နားမလည်စွာခေါင်းခါတယ်။
အဲ့ဒီနောက် သူတောင်းစားဟာ
ဂျာနယ်နှစ်ရွက်ကို ဖြန့်ခင်းပြီး
သူ တောင်းလို့ရလာတဲ့ ထမင်းကျန်တွေ
သွန်ထည့်လိုက်တယ်။ဟော..
ပြောရင်းဆိုရင်းသူတောင်းစားမိသားစုဟာ ပြန်လာကြပြီ။

- နေပိုင် -

No comments:

Post a Comment