ကိုယ်အိပ်လို့မရတဲ့ည
မင်းလည်း အိပ်မရတဲ့ည
နှစ်ယောက်လုံး အိပ်မရညကြီးရဲ့ အလည်တည့်တည့်။
စတီးလ်လက်ဆေးကန်ထဲ
ရေတပေါက်ပေါက်ယိုကျ၊
“တိတ်စမ်း
ပါးစပ်ပိတ်ထားစမ်း၊
ငါ လည်ပင်းကို လိမ်ချိုးမိတော့မယ်”
“ဘာဖြစ်လဲ၊ အောက်တန်းကျတယ်
အောက်တန်းကျတယ်ကွာ
ကဲ ဘာဖြစ်ချင်သလဲ”
ပြတင်းပေါက်က ပါးစပ်အဟောင်းသားငေးလို့၊
မျက်တောင်တခတ်ခတ် မီးချောင်းထဲ
လျှပ်စစ်ဓာတ်တွေ ဆူပွက်လို့။
လ က ငြိမ်
တိမ်တွေကတော့ ပြေးလို့။
“အေး နောက်မှ မိုက်ရိုင်းတယ်လာမပြောနဲ့”
အဝေးဆီက ကားဖြတ်သွားသံသဲ့သဲ့
အသက်ရှုသံမှန်မှန်ထဲ မှိန်ဖျော့လို့။
ညလေအေးအေး အေးလို့။
“တစ်နေ့ ပစ်ထားခဲ့မယ်၊
ပစ်ကို ထားခဲ့ဦးမယ် မှတ်ထား”
တစ်ညလုံး
စကားတွေအတင်း ထ ထခုန်နေခဲ့။
ဒါပေမယ့် ကိုယ့်ထွက်သက်လေ နွေးနွေးသာ
မင့်မျက်ခွံမို့မို့ပေါ်ကျလို့။
- မောင်ပြည့်မင်း -
မင်းလည်း အိပ်မရတဲ့ည
နှစ်ယောက်လုံး အိပ်မရညကြီးရဲ့ အလည်တည့်တည့်။
စတီးလ်လက်ဆေးကန်ထဲ
ရေတပေါက်ပေါက်ယိုကျ၊
“တိတ်စမ်း
ပါးစပ်ပိတ်ထားစမ်း၊
ငါ လည်ပင်းကို လိမ်ချိုးမိတော့မယ်”
“ဘာဖြစ်လဲ၊ အောက်တန်းကျတယ်
အောက်တန်းကျတယ်ကွာ
ကဲ ဘာဖြစ်ချင်သလဲ”
ပြတင်းပေါက်က ပါးစပ်အဟောင်းသားငေးလို့၊
မျက်တောင်တခတ်ခတ် မီးချောင်းထဲ
လျှပ်စစ်ဓာတ်တွေ ဆူပွက်လို့။
လ က ငြိမ်
တိမ်တွေကတော့ ပြေးလို့။
“အေး နောက်မှ မိုက်ရိုင်းတယ်လာမပြောနဲ့”
အဝေးဆီက ကားဖြတ်သွားသံသဲ့သဲ့
အသက်ရှုသံမှန်မှန်ထဲ မှိန်ဖျော့လို့။
ညလေအေးအေး အေးလို့။
“တစ်နေ့ ပစ်ထားခဲ့မယ်၊
ပစ်ကို ထားခဲ့ဦးမယ် မှတ်ထား”
တစ်ညလုံး
စကားတွေအတင်း ထ ထခုန်နေခဲ့။
ဒါပေမယ့် ကိုယ့်ထွက်သက်လေ နွေးနွေးသာ
မင့်မျက်ခွံမို့မို့ပေါ်ကျလို့။
- မောင်ပြည့်မင်း -
No comments:
Post a Comment